Friday, May 2, 2008

ပြောင်းလဲသွားသော သဘောထား

ဘာရေးရင် ကောင်းမလဲ စဉ်းစားနေတုန်း ငယ်ငယ်တုန်းက မူလတန်းကျောင်းသားဘ၀၊ အလယ်တန်းကျောင်းသားဘ၀၊ အထက်တန်းကျောင်းသား ဘ၀တွေကို သွားပြီး သတိရမိတယ်ဗျာ။

ကလေးဘ၀ စလိုက် နောက်လိုက်၊ သူမုန့်ကိုယ်လုစားလိုက် ကိုယ့်မုန့်သူလုစားလိုက်နဲ့ပေါ့ဗျာ။ ဒီလောက်ချစ်ကြတဲ့ သူငယ်ချင်းတွေ ရန်စောင်ကြတဲ့ တစ်ချိန်တော့ရှိသေးတယ်ဗျ၊ ဘယ်အချိန်လဲဆိုတော့ ဆရာက ပုစ္ဆာတစ်ပုဒ် ကိုတွက်ခိုင်းလိုက်ရင် စောစောကခင်မင်မှုတွေကဘယ်ရောက်ကုန်မှန်းမသိတော့ဘူး၊ ဆရာဆီက GOOD နဲ့ အမှန်ခြစ် ကိုစောစီးစွာ ရရှိဖို့ သူငယ်ချင်းရော၊ဘာရော သတိမရနိုင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာ့ဆီက သူများတွေထက် စောစီးစွာ ရရှိ တဲ့ GOOD နဲ့ အမှန်ခြစ်ဟာ ဘာနဲ့မှမလဲနိုင်လို့လေ။ ကျွန်တော် ကြက်ခြေခတ် (X) ကို စမုန်းခဲ့တာ အဲဒီအချိန်ကတည်းက ဆိုပါတော့ဗျာ။ ကျွန်တော်ရဲ့ ကြက်ခြေခတ် (X) မုန်းတီးမှု ကို အတည်ပြုပေးလိုက်တာက ကဗျာဘွဲ့မှုး သီဆိုထားတဲ့သီချင်းထဲကလို အရွယ်ရောက်လာတော့ ချစ်သူကပါ ကြက်ခြေခတ် (X) လိုက်တယ်ဗျာ၊ အဲဒိလောက်တောင် ကျွန်တော် ကြက်ခြေခတ် (X) ကိုမုန်းခဲ့တာ။
အခုတော့ ကျွန်တော် အရမ်းမုန်းတဲ့ ကြက်ခြေခတ် (X) ကို ကျွန်တော်လိုလားတောင်းတစွာနဲ့ပဲ ပြုလုပ်ခဲ့တယ်ဗျာ။
ခင်ဗျားတို့ရော ကြက်ခြေခတ် (X) ကိုမုန်းခဲ့ဘူးလား? ကျွန်တော့်လိုပဲ လိုလားတောင့်တစွာနဲ့ ကြက်ခြေခတ် (X) ကို ပြုလုပ်ခဲ့ပြီးပြီလား?


အပြည့်အစုံသိချင်ရင်...