Sunday, September 21, 2008

ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်

တော်တော် များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ ॥ ။ ဘာလို့သူများ password ကို သိချင်ကြမှန်းမသိဘူး .. ။
ဘာမှ ကောင်းကျိုးမရှိဘူး ။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ ॥ ။
ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ .. ။ အင်း ...အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ ... ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ ... ။ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် ။Ctrl+Shift+Esc(or)Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ ကောင်တွေ ထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက် တာပါပဲ...ဘာလို့ဆိုရိုးရိုးယူဆာတွေအနေနဲ့ကဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့လုပ်တာလဲ ဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ ကောင်ကိုပဲ manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။
ဒီပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့ အားလုံးကိုပို့ရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့တစ်ရက်ကပဲ ကျွန်တော့်ကိုပြည်တွင်းက မိတ်ဆွေတစ်ယောက် က ကျောက်မြောင်းထဲက အိုကေဆိုတဲ့ အင်တာနက် ဆိုင်တစ် ဆိုင်မှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနဲ့ ဆက်သွယ်နေတာတွေ့လို့ ဆိုပြီးအဖမ်းခံရတယ် ပြောလို့ပြည်တွင်းကတက်ကြွလှုပ်ရှားသူတွေ အနေနဲ့ နည်းပညာပိုင်းအရ ရှောင်လို့ရတဲ့ အချက်လေး တစ်ချက် အဖြစ်နဲ့ တစ်ဘက်တစ်လမ်း ကနေအထောက်အကူ ဖြစ်စေချင်လို့ပါပဲ..မိတ်ဆွေတို့ ရဲ့ပြည်တွင်း အဆက် အသွယ်တွေကိုဒီပို့စ်လေးကိုဖော်ဝဒ်လုပ်ပြီးပေးဖတ်ရင်း သူတို့ရဲ့အန္တရာယ်ကင်းရေးအတွက် အထောက် အကူပြုကြပါခင်ဗျာ။တေဇာတေ ( မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ့) ဒိန်းမတ်အထက်ပါပို့စ်လေးကိုဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကိုပြန်မှီငြမ်းထားပါတယ်။

အပြည့်အစုံသိချင်ရင်...

Sunday, August 24, 2008

ရွှေ

မွေးရပ်မြေရဲ့ အကြောင်း
ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။
ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း

တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။
ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။
ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား
ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း

မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။
“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။
ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ကျွန်တော်ဆီသူငယ်ချင်းတစ်ယောက်ကပို့ထားတာလေးပြန်ဝေမျှလိုက်တာပါ..
မူရင်း post ပိုင်ရှင်က ကောင်းကင်ကို လို့ယူဆရပါတယ်...

အပြည့်အစုံသိချင်ရင်...

Friday, July 25, 2008

အချိန်လေးနည်းနည်းပေးပါ

အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ ထွက်စားပြီး ရုပ်ရှင်အတူတူ
ကြည့်စေချင်ကြောင်း ပြောလာပါတယ်။

ကျွန်တော့်မိန်းမက ပြောပါတယ်။
သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို
သိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။

ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ်
ဘ၀ကိုဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေပါ။ ကျွန်တော့်ရဲ့
အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကို
အကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။

အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲ့အတူ ညစာထွက်စားပြီး
ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။

"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?"

အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင်
သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ၀င်တတ်တဲ့သူပါ။

"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေးတွေ့ပြီး စကားလေးဘာလေး
ပြောချင်လို့ပါ။ ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"

အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့
ပြန်ပြောပါတယ်။

အဲဒီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကိုကားနဲ့ သွားကြိုပါတယ်။
ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အိမ်ကို
ရောက်တဲ့အခါမှာ အမေလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားပျော်ရွှင်နေတာ
တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။
ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ်
မင်္ဂလာနှစ်ပတ်လည် ပွဲတုန်းက ၀တ်ခဲ့တဲ့ အကျီလေးကိုပဲ ၀တ်ထားပါတယ်။
အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါလိုပဲ
လင်းလက်တောက်ပနေပါတယ်။

"အမေ့သူငယ်ချင်းတွေကို ငါ့သားလေးနဲ့ အပြင်ထွက်ပြီး ထမင်းစားမလို့
လို့ပြောလိုက်တော့ သူတို့တွေက အမေ့ကိုအထင်ကြီးနေကြတယ်။ သားနဲ့
ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။
သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။

ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့
ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး
တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့်လက်မောင်းကို ကိုင်ထားပါတယ်။
စားပွဲမှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။
အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့
မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီးစိုက်ကြည့်နေတဲ့အမေ့ကို
တွေ့ရပါတယ်။ အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်...

"သားငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့..."
"အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့
ကျွန်တော် ပြန်ပြောလိုက်ပါတယ်။

ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။
ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။
အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ် ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန်
ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲဆိုရင် ရုပ်ရှင်တောင်
လွတ်သွားတဲ့အထိပါပဲ။

အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ
အပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..."
လို့ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့
အပြုံးနဲ့ မေးပါတယ်။

"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင်
အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့ ပြန်ဖြေမိပါတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး
အမေဆုံးရှာပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်
ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာခင်မှာ
အမေနဲ့ကျွန်တော် သွားခဲ့တဲ့ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း
မိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ် ကျွန်တော့်ဆီကို ရောက်လာပါတယ်။
ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့ စာလေးတစ်စောင်ပါ ပါလာပါတယ်။

"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...
အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့မလားဆိုတာတော့
သိပ်မသေချာဘူး...
ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။ အမေ့သားနဲ့
အမေ့ချွေးမ အတွက်ပါ...
သားနဲ့ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ
သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး...
သားကို အမေသိပ်ချစ်တယ်..."

အမေ့စာကို ဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း
အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့
ပျော်ရွှင်စရာအချိန်တွေကို အချိန်မီပေးဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ
ကျွန်တော်နားလည်လိုက်ပါတယ်။

ဘ၀မှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိပါဘူး။

*ကိုယ့် mail ထဲ အစ်ကိုတစ်ယောက်ကပို့ထားတာလေးကို မျှဝေခံစားဖို့ပါ*

အပြည့်အစုံသိချင်ရင်...

Tuesday, July 22, 2008

ဒီနေ့ သားမွေးနေ့ အဖေ.

"အဖေ" ဒီနေ့ သားမွေးနေ့လေ အဖေ... ဒီလိုအချိန်မျိုးမှာ အဖေ့ကို သားနားမှာ အမေနဲ့ အတူတူရှိစေချင်တယ်ဗျာ...

ဒါပေမယ့်လေ...သား အခုနေမကောင်းဘူး အဖေ.... သူတို့က သားကို ဘာတွေ လျှောက်လုပ်မှန်းမသိဘူးအဖေ... သားနှာခေါင်းထဲကို ပိုက်တွေလဲထည့်တယ်...သားကိုအဝတ်တွေချွှတ်ခိုင်းပြီး ဓာတ်မှန်ဆိုလား..ဘာဆိုလား..လုပ်သေးတယ်အဖေ...အဆိုးဆုံးကတော့ သူ့တို့ သားကို အပ်ကြီးနဲ့ထိုးတာ အရမ်းအနာဆုံးပဲ အဖေ...အဲလိုထိုးချိန်မှာ သားနာလွန်းလို့ အော်ငိုမိတယ်အဖေ...သားငိုတာကို အမေတွေ့တော့ အမေပါလိုက်ငိုတယ် အဖေ..သားလေအရမ်းကြောက်တယ်သိလားအဖေ..အဖေ သာအနားမှာရှိရင် သားနဲ့အမေ ဘယ်လောက်အားရှိလိုက်မလဲ အဖေရာ...ဒါပေမယ့် အဖေကသားနဲ့အမေကိုပြောခဲ့တာ " အကုန်လုံးကောင်းစားဖို့အရေးပါ.. လူမမည်ငါ့သား နဲ့မင်းကို ငါဘယ်ခွဲချင်ပါ့မလဲကွာ..ငါတို့သားအဖတွေ ဒီလိုခွဲနေရတာ ငါဘယ်သူကိုအပြစ်တင်ရမလဲ? ငါ့ကိုယ်ငါပဲလား??? ငါ့ရင်ထဲမှာ ဘယ်လောက်ခံစားနေရသလဲဆိုတာ ငါ့ကိုယ်ငါအသိဆုံးပါကွာ" လို့အဖေက ပြောခဲ့တာ သားအခုထိ ကြားယောင်ဆဲပဲအဖေ... အဖေကိုသားအပြစ်မတင်ပါဘူး..အမေ့ကိုလဲ သားစောင့်ရှောက်ပါမယ်.. ဒါပေမယ့် သားမျက်လုံးထဲမှာ အဖေကိုမြင်ယောင်နေတယ်..ဒီလိုအချိန်မျိုးမှာ အဖေ့မျက်ဝန်းတွေထဲမှာ မျက်ရည်စတွေနဲ့ဆိုတာ.....
အဖေချစ် သား
(ဒီလိုမျိုး ခွဲခွာနေရတဲ့ မိသားစုတွေ ဘယ်လောက်များရှိလိုက်မလဲ)


အပြည့်အစုံသိချင်ရင်...

Saturday, July 19, 2008

တို့တိုင်းပြည်အတွက် အဖေ

ရောက်ရှိလေ ပြန်မပေါ့ ဇူလိုင် ၁၉..

ရင်ထဲ မှာတော့ အဖေ ကို လွမ်းဆွတ်..
ဘာမှမတက်နိုင် ခဲ့ ညှိုးနွမ်းတဲ့ စိတ်နဲ့..
တာဝန်မကျေ တဲ့သား အပြင်ကနေပဲ အော်နေခဲ့ရ..



ဒါပေမယ့်လဲ အဖရာ..ရင်ထဲမှာ ဗလောင်ဆူနေခဲ့
တိုင်းပြည်အတွက်..သားလဲ ပေးဆပ်ချင်ရဲ့ .....

မျိုးချစ်စိတ်ကို ရိုတ်ချိုးလို့ .. ငါတို့သာတိုင်းပြည်ချစ်၏..
ငါတို့ကို ကိုးကွယ် မင်းဘဝ ထမင်းမငတ် စေရ..
ငါတို့ကို အာခံ ဗိုလ်ချုပ်ကိုချစ်တဲ့သူ မှန်သမျှ..
ပြလိုက်စမ်းဟဲ့ မင်းတို့လက်စွမ်း..
လူမိုက် တသိုက်ကို ဗိုလ်လုပ်..
နောက်လိုက် တစ်စုနဲ့ ရိုင်းစိုင်းတဲ့ လူတစ်စုလက်အောက်မှာ..
ညီအစ်ကိုအပေါင်း သွေးစက်တွေမြေကြခဲ့ရ....

ဒါတင် အားမရ.. မျိုးဆက်သစ်တို့ အဖတို့ကိုဂုဏ်ယူ..
သူတို့ကို ခြေစုံကန်မှာ သေမလောက်အောင်ကြောက်ရွံ့..
အဖ တို့သမိုင်း ပျက်ပျယ်အောင်ကြံစည်...
ယုတ်မာ တဲ့အကြံအစည်..

ဂဠုန်ဝန်စား ထိုလူကြီး နှင့်နောက်လိုက်တစ်စု
ရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းနေလိုက်ကြတာ..
ကျောင်းသားဆိုလဲ သူတို့သတ်ဖို့ ဝန်မလေးခဲ့..
ယုတ်စွ အဆုံး ဘုရားသားတော် သူတို့သတ်ပြန်

ဒါပေမယ့်လဲ အဖ ကို ဝန်ခံကတိသားပြုပါ၏
အဖ တို့ကျေးဇူး သားတသက်မမေ့ ဘူး..
ဖြစ်ထွန်းလာမဲ့ အနာဂတ်ရင်သွေး
မွန်မြတ်တဲ့ အဖ တို့စိတ်ထား...သူတို့လေးတွေမွေးမြူ
နောင်တစ်ချိန်အနာဂတ် ရဲ့ ပြည်သူချစ်သော ခေါင်းဆောင်ဖြစ်ဖို့
ပဲ့ကိုင် ညွှန်ကြား သားတတ်နိုင် ကောင်းပါရဲ့....

(၆၁ နှစ်ပြည့် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့်)

အပြည့်အစုံသိချင်ရင်...

Friday, May 2, 2008

ပြောင်းလဲသွားသော သဘောထား

ဘာရေးရင် ကောင်းမလဲ စဉ်းစားနေတုန်း ငယ်ငယ်တုန်းက မူလတန်းကျောင်းသားဘ၀၊ အလယ်တန်းကျောင်းသားဘ၀၊ အထက်တန်းကျောင်းသား ဘ၀တွေကို သွားပြီး သတိရမိတယ်ဗျာ။

ကလေးဘ၀ စလိုက် နောက်လိုက်၊ သူမုန့်ကိုယ်လုစားလိုက် ကိုယ့်မုန့်သူလုစားလိုက်နဲ့ပေါ့ဗျာ။ ဒီလောက်ချစ်ကြတဲ့ သူငယ်ချင်းတွေ ရန်စောင်ကြတဲ့ တစ်ချိန်တော့ရှိသေးတယ်ဗျ၊ ဘယ်အချိန်လဲဆိုတော့ ဆရာက ပုစ္ဆာတစ်ပုဒ် ကိုတွက်ခိုင်းလိုက်ရင် စောစောကခင်မင်မှုတွေကဘယ်ရောက်ကုန်မှန်းမသိတော့ဘူး၊ ဆရာဆီက GOOD နဲ့ အမှန်ခြစ် ကိုစောစီးစွာ ရရှိဖို့ သူငယ်ချင်းရော၊ဘာရော သတိမရနိုင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာ့ဆီက သူများတွေထက် စောစီးစွာ ရရှိ တဲ့ GOOD နဲ့ အမှန်ခြစ်ဟာ ဘာနဲ့မှမလဲနိုင်လို့လေ။ ကျွန်တော် ကြက်ခြေခတ် (X) ကို စမုန်းခဲ့တာ အဲဒီအချိန်ကတည်းက ဆိုပါတော့ဗျာ။ ကျွန်တော်ရဲ့ ကြက်ခြေခတ် (X) မုန်းတီးမှု ကို အတည်ပြုပေးလိုက်တာက ကဗျာဘွဲ့မှုး သီဆိုထားတဲ့သီချင်းထဲကလို အရွယ်ရောက်လာတော့ ချစ်သူကပါ ကြက်ခြေခတ် (X) လိုက်တယ်ဗျာ၊ အဲဒိလောက်တောင် ကျွန်တော် ကြက်ခြေခတ် (X) ကိုမုန်းခဲ့တာ။
အခုတော့ ကျွန်တော် အရမ်းမုန်းတဲ့ ကြက်ခြေခတ် (X) ကို ကျွန်တော်လိုလားတောင်းတစွာနဲ့ပဲ ပြုလုပ်ခဲ့တယ်ဗျာ။
ခင်ဗျားတို့ရော ကြက်ခြေခတ် (X) ကိုမုန်းခဲ့ဘူးလား? ကျွန်တော့်လိုပဲ လိုလားတောင့်တစွာနဲ့ ကြက်ခြေခတ် (X) ကို ပြုလုပ်ခဲ့ပြီးပြီလား?


အပြည့်အစုံသိချင်ရင်...

Sunday, April 27, 2008

ပြောမကြုံ ကြုံဖူးမှသိ

ကျွန်တော် စင်္ကာပူ Changi Airport ကြီးကို မြင်ရရင်ပဲ "သြော်..ငါ စင်္ကာပူကို ရောက်ပြီ" ဆိုသော အသိက ကျွန်တော်ရဲ့ မျှော်လင့်ချက်အလင်းရောင် ကို တောက်ပစေခဲ့တယ်။

အဲဒိနေ့က ကျွန်တော်နဲ့အတူ သူငယ်ချင်း ပလာတူး၊ သူငယ်ချင်းအစ်ကိုနှစ်ယောက် နဲ့ မိန်းကလေး သူငယ်ချင်း တစ်ယောက် တို့ဟာ ရင်ထဲမှာ ရည်မှန်းချက်ကိုယ်စီနဲ့ ပေါ့၊ ဒီလိုနဲ့ Singapore Airport Terminal ကို ဖြတ်လျှောက် ရင်းနဲ့ Singapore Immigration လည်းရောက်ရော ကျွန်တော်တို့ရဲ့ အပျော်တွေပျောက်ဆုံးကုန်ပြီလေ၊ Immigration check up လုပ်ဖို့ဆိုပြီး ကျွန်တော်တို့ သုံးယောက် (ကျွန်တော်ရယ်၊ ပလာတူးရယ်၊ သူငယ်ချင်း ကောင်မလေးရယ်) ကို ခေါ်ထားလိုက်တယ်။ သိပ်မကြာလိုက်ဘူး နောက်ထပ် ဗမာအစ်ကို တစ်ယောက်ပါ ထပ်ရောက်လာတယ်။ ကျွန်တော်တို့ကိုယ်စီမျက်နှာတွေမှာ စိုးရမ်ပူပန်မှုတွေအပြည့်နဲ့ပေါ့ဗျာ၊ ကျွန်တော်တို့တွေ အကျိတ်အနယ်ဆွေးနွေးပြီးသွားတော့မှ အဲဒီအခန်း (Immigration check up) ထဲက ထွက်ခွင့်ရတော့တယ်၊ ကျွန်တော်တို့တွေရဲ့မျက်နှာတွေဟာ ဇီးရွက်လောက်ပဲရှိတော့တယ်ဆိုရင် ခင်ဗျားတို့ယုံမလားမသိဘူး၊ လား..လား နာရီကိုကြည့်လိုက်တော့ ညနေ ၅း၃၀ မပေါ့။ (တိုက်ဆိုင်မှုလားတော့မသိဘူး... ကျွန်တော်သတိထားမိတာ Immigration check up လုပ်ခံရတာ မြန်မာတွေချည်းဖြစ်နေတယ်ဗျ၊ မြန်မာတွေ ကံဆိုးနေလားမသိဘူးနော်)

အပြည့်အစုံသိချင်ရင်...