Tuesday, July 22, 2008

ဒီနေ့ သားမွေးနေ့ အဖေ.

"အဖေ" ဒီနေ့ သားမွေးနေ့လေ အဖေ... ဒီလိုအချိန်မျိုးမှာ အဖေ့ကို သားနားမှာ အမေနဲ့ အတူတူရှိစေချင်တယ်ဗျာ...

ဒါပေမယ့်လေ...သား အခုနေမကောင်းဘူး အဖေ.... သူတို့က သားကို ဘာတွေ လျှောက်လုပ်မှန်းမသိဘူးအဖေ... သားနှာခေါင်းထဲကို ပိုက်တွေလဲထည့်တယ်...သားကိုအဝတ်တွေချွှတ်ခိုင်းပြီး ဓာတ်မှန်ဆိုလား..ဘာဆိုလား..လုပ်သေးတယ်အဖေ...အဆိုးဆုံးကတော့ သူ့တို့ သားကို အပ်ကြီးနဲ့ထိုးတာ အရမ်းအနာဆုံးပဲ အဖေ...အဲလိုထိုးချိန်မှာ သားနာလွန်းလို့ အော်ငိုမိတယ်အဖေ...သားငိုတာကို အမေတွေ့တော့ အမေပါလိုက်ငိုတယ် အဖေ..သားလေအရမ်းကြောက်တယ်သိလားအဖေ..အဖေ သာအနားမှာရှိရင် သားနဲ့အမေ ဘယ်လောက်အားရှိလိုက်မလဲ အဖေရာ...ဒါပေမယ့် အဖေကသားနဲ့အမေကိုပြောခဲ့တာ " အကုန်လုံးကောင်းစားဖို့အရေးပါ.. လူမမည်ငါ့သား နဲ့မင်းကို ငါဘယ်ခွဲချင်ပါ့မလဲကွာ..ငါတို့သားအဖတွေ ဒီလိုခွဲနေရတာ ငါဘယ်သူကိုအပြစ်တင်ရမလဲ? ငါ့ကိုယ်ငါပဲလား??? ငါ့ရင်ထဲမှာ ဘယ်လောက်ခံစားနေရသလဲဆိုတာ ငါ့ကိုယ်ငါအသိဆုံးပါကွာ" လို့အဖေက ပြောခဲ့တာ သားအခုထိ ကြားယောင်ဆဲပဲအဖေ... အဖေကိုသားအပြစ်မတင်ပါဘူး..အမေ့ကိုလဲ သားစောင့်ရှောက်ပါမယ်.. ဒါပေမယ့် သားမျက်လုံးထဲမှာ အဖေကိုမြင်ယောင်နေတယ်..ဒီလိုအချိန်မျိုးမှာ အဖေ့မျက်ဝန်းတွေထဲမှာ မျက်ရည်စတွေနဲ့ဆိုတာ.....
အဖေချစ် သား
(ဒီလိုမျိုး ခွဲခွာနေရတဲ့ မိသားစုတွေ ဘယ်လောက်များရှိလိုက်မလဲ)


No comments: